Sunday, August 17, 2008

မိုးကုတ်မြို့တွင် မြေပြို၍ လူသေဆုံးမှုထပ်မံဖြစ်ပွား



မိုးကုတ်မြို့၊ ဘော်ဗဒန်းကျေးရွာ တွင် ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပါသည်။ (၁၆.၈.၀၈) နေ့၊ ည (၁၀း၄၅) အချိန်တွင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မြေပြိုမှုကြောင့် အိမ်ခြေ (၅)လုံးခန့် ပျက်စီးခဲ့ကာ အပြင်းထန်ဆုံးထိခိုက်ခဲ့သော အိမ်တွင်းရှိ မိသားတစ်စုတစ်ခုလုံး အသက်ဆုံးရှုံးခဲ့ရပါသည်။ အိမ်ရှင် ဇနီးမောင်နှံနှစ်ဦး၊ သမီး၊ သမက်၊ မြေးဖြစ်သူနှင့် ဧည့်သည်တစ်ယောက်အပါအ၀င် စုစုပေါင်း (၆)ယောက် အသက် ဆုံးရှုံးခဲ့သည်။


ဘော်ဗဒန်းကျေးရွာသည်မိုးကုတ်နှင့် လေးမိုင်ခန့်ကွာဝေးပြီး တောင်ပေါ်အမြင့်တွင် တည်ထားသောရွာဖြစ်သည်။ ကျောက်မျက်လုပ်ကွက်အများစု ကြားထဲတွင် တည်ရှိနေသော ရွာတစ်ရွာဖြစ်သည်။ ကျောက်မျက်လုပ်ကွက်များမှာလည်း မြေအောက် ပေထောင်ချီအနက်တွင်ရှိသော ကျောက်တောင်များအတွင်းသို. လှိုဏ်ခေါင်းများတူးကာ လုပ်ကိုင်လျက်ရှိကြသည့် ခဲတွင်း များဖြစ်ကြပြီး မြေအနေအထားအရ အချိန်မရွေး အန္တရာယ်ရှိနိုင်သော နေရာဖြစ်သောကြောင့် ရွာသားများမှာ ထိတ်လန့်လျှက် ရှိနေကြသည်။ ၄င်းနေရာတွင် နာမည်ကျော် ပတ္တမြားနဂါး ကျောက်မျက်ကုမ္ပဏီကြီးသည်လည်း နိုင်ငံတော်နှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်လျှက် ရှိပါသည်။


TP

1 comment:

Unknown said...

In the post about last year flood in Mogok, you wrote about U Einstein who was so smart that he was not defrauded by "show money" scam. I would like to know more about that. If you have time, please write a post.