Showing posts with label Greeting. Show all posts
Showing posts with label Greeting. Show all posts

Friday, April 17, 2009

နှစ်သစ်မင်္ဂလာ

မြန်မာသက္ကရာဇ် ၁၃၇၀-ခုနှစ် ကုန်ဆုံးကာ ၁၃၇၁-ခုနှစ်သို့ ချင်းနင်းဝင်ရောက်ခဲ့ပြီ ဖြစ်ပါသည်။

နှစ်သစ်တွင် မိတ်ဆွေအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းလွတ်ပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ...။

Read More...

Wednesday, December 31, 2008

Bye Bye 2008


မိတ်ဆွေများအားလုံး ၂၀၀၉ နှစ်သစ်တွင် အကြပ်အတည်းများ၊ အဆင်မပြေမှုများမှ လွတ်မြောက်ကြပြီး ပျော်ရွှင်နိုင်ကြပါစေ...။

Read More...

Thursday, April 17, 2008

နှစ်သစ်မင်္ဂလာ

မြန်မာသက္ကရာဇ် ၁၃၆၉-ခုနှစ် ကုန်ဆုံးကာ ၁၃၇၀-ခုနှစ်သို့ ချင်းနင်းဝင်ရောက်ခဲ့ပြီဖြစ်ပါသည်။ မိုးကုတ်မီဒီယာမှ နှစ်သစ်တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်ကြပါစေရန် ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

မင်္ဂလာဟု ဆိုရာတွင်လည်း အပေါ်ယံစကားလုံးထက် အတွင်းအနှစ်သာရအားဖြင့်ပါ မင်္ဂလာရှိစေချင်ပါသည်။ မင်္ဂလာ၏ အဓိပ္ပါယ်ကို ဗုဒ္ဓဟောကြားခဲ့သော မင်္ဂလသုတ်တော်တွင် အကျယ်တ၀င့် လေ့လာနိုင်ပါသည်။ အတိုချုပ်အားဖြင့် ကုသိုလ်ဖြစ်စေသော အကြောင်းတရားများဟု မှတ်ယူနိုင်ပါသည်။
အကုသိုလ်ဖြစ်စေသော အကြောင်းတရားများ လျော့ပါးပြီး ကုသိုလ်ဖြစ်စေသော အကြောင်းတရားများ ပိုမို ဖြစ်ထွန်းမှသာလျှင် မင်္ဂလာရှိသော နှစ်သစ် မည်ပေမည်။

ထိုကြောင့် ကျွန်ုပ်တို့ လူမှုအဖွဲ့အစည်းအားလုံး ယခုမှအစပြု၍ ကုသိုလ် လုပ်ရပ်များဖြင့် မင်္ဂလာရှိသော နှစ်သစ်ကို ဖြတ်ကျော်ကြပါစို့ ဟု တိုက်တွန်းနှိုးဆော်ရင်း မင်္ဂလာနှစ်သစ်ကို ကြိုဆိုလိုက်ရပါကြောင်း…။

Read More...

Monday, December 31, 2007

Hoping to New Year 2008

၂၀၀၇-ခုနှစ်အတွင်း အခြေအနေအရပ်ရပ်တို့သည် အားလုံးသိကြသည့်အတိုင်း အပြောင်းအလဲ၊ အလှုပ်အယမ်းများစွာနှင့် ရင်ဆိုင်ခဲ့ကြရသည်။

ကျနော်တို့ မြန်မာဘလော့ဂါ လောကတွင်လည်း …

- အမ်ဘီအက်စ် ..။
- ဘလော့များတွင် မြန်မာစာလုံးကို အဆင်ပြေလှပစွာ အသုံးပြုနိုင်ရန်အတွက် အခမဲ့သုံးစွဲခွင့်ပြုပေးခဲ့သော အယ်လ်ဖာမှ ဇော်ဂျီ ..
- လေ့လာအသုံးချလိုသူများအတွက် သတင်းအချက်အလက်များ၊ ဘာသာစကားများ၊ ဘလော့နည်းပညာများနှင့် အခြား ဗဟုသုတများကို တကူးတက စေတနာထားကာ ပို့စ်တင်ပေးကြသော ဘလော့များ ..။ ဘလော်ဂါများ ..။
- လူငယ်များဦးစီးကာ စည်းစည်းလုံးလုံးဖြင့် အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့ကြသော ဘလော့ဆမီနာများ ..။
အစရှိသဖြင့် အဆင့်အတန်းရှိသော လုပ်ရပ်များ လုပ်ကိုင်နိုင်ခဲ့ကြသည်။ ဂုဏ်ယူဖွယ်ရာ မှတ်တိုင်များ ဖြစ်ခဲ့ကြသည်။
အယူအဆမတူညီကြသော်လည်း အောင်မြင်စွာတွဲဖက် အလုပ်လုပ်ကိုင်နိုင်သည့် အတွေ့အကြုံများ ရရှိခဲ့ကြသည်။

ယခုလာမည့် ၂၀၀၈-ခုနှစ်တွင်လည်း ထိုထက်ပို၍ ကောင်းမွန်သော၊ များပြားသော မှတ်တိုင်များကို စိုက်ထူနိုင်မည်ဟု မျှော်လင့်မိပါသည်။

မိတ်ဆွေများအား နှစ်ကူးလက်ဆောင်အနေဖြင့်...
၂၀၀၇-ခုနှစ် အမျိုးသားစာပေဆုရ (ဘာသာပြန်-သုတ) စာအုပ်တစ်အုပ်ဖြစ်သော
ဆရာကျော်ဝင်း၏ ကမ္ဘာပြားပြီ စာအုပ်အဖုံးမှ စာသားများအား
ဂရုပြု ဆင်ခြင်နိုင်မိရန် တင်ပေးလိုက်ပါသည်။

ဂူးဂဲလ်ကဲ့သို့သော ရှာစက်များက ကမ္ဘာကြီးကို အပြားခတ်လိုက်သည်ဆိုသည်မှာ …
ချိုင့်ဝှမ်းများ၊ တောင်ကုန်းများကို ဆွဲညှိလိုက်ခြင်း ဖြစ်သည်။
ဤတွင် ချိုင့်ဝှမ်းများ၊ တောင်ကုန်း၊ တံတိုင်းနှင့် ကျောက်ဆောင်များတွင် ပုန်းအောင်းနေသူများအတွက်
ပုန်းခိုစရာနေရာမရှိ ဖြစ်လာရတော့သည်။
သို့အတွက် ...
ဘ၀တွင် ရိုးသားစွာအသက်ရှင်နေထိုင်ခြင်းသည်သာ အကောင်းဆုံး ဟု ဆိုရတော့မည် ဖြစ်ပါသည်။
အကြောင်းမူ သင်ပြုသမျှ အပြုအမူတိုင်းမှာ တစ်နေ့မဟုတ်တစ်နေ့ အသေအချာ ဖော်ထုတ်ခံရနိုင်သောကြောင့် ဖြစ်သည်။
ကမ္ဘာကြီး ပိုပြားလာသည့်နှင့်အမျှ သာမန်လူများကို အရာရာ ထိုးဖောက်မြင်နိုင်စွမ်းသော နတ်မျက်စိ တပ်ပေးလိုက်သလိုရှိလာသည်။

အရပ်ရပ် အခြေအနေအောက်တွင်..၊
အပြောင်းအလဲ လှိုင်းလုံးကြီးများကြားတွင်..၊
နှစ်မြုပ်မကျန်ရစ်ဘဲ..၊
လှိုင်းထန်လှေဆန်ခရီးကို အောင်မြင်စွာ ဆန်တက်နိုင်ရေးမှာ
ကျနော်တို့ခေတ်၏ အကြီးဆုံးစိန်ခေါ်မှုဟု
ဆိုနိုင်လိမ့်မည် ဖြစ်ပါသည်။
ဤစိန်ခေါ်မှုကြီးကို တုံ့ပြန်ရင်ဆိုင်နိုင်ရေးမှာ
လွယ်လိမ့်မည်မဟုတ်သလို
ရှောင်တိမ်း၍ ရနိုင်ဖွယ်ရာလည်း မမြင်ပါ။
မလွဲမရှောင်သာ ဖောက်ထွက်ရင်ဆိုင်ရမည်သာ ဖြစ်ပါသည်။
T.P

Read More...