Showing posts with label Social. Show all posts
Showing posts with label Social. Show all posts

Monday, April 7, 2008

သတင်းစာဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်

ဝါရင့် သတင်းစာဆရာမကြီး လူထုဒေါ်အမာ သည် ယနေ့ မနက် (၈)နာရီ (၃၇)မိနစ်အချိန်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ကြောင်း ကြားသိရပါသည်။

ဆရာမကြီးလူထုဒေါ်အမာသည် ကိုလိုနီခေတ်မှ ယနေ့ခေတ်တိုင် လူထုအပေါ် စာပေဖြင့် အကျိုးပြုခဲ့သော၊ တိုင်းပြည်အပေါ် တာဝန်ကျေခဲ့သော၊ သမိုင်းလှစွာဖြင့် ဇာတ်သိမ်းသွားခဲ့သောသူ ဖြစ်ပါသည်။ ကွယ်လွန်ချိန်တွင် အသက် (၉၃)နှစ်ရှိပြီဖြစ်သည်။

ဆရာမကြီး လူထုဒေါ်အမာ ယခုလို ဆုံးရှုံးသွားရခြင်းအတွက် မိုးကုတ်မီဒီယာ အနေဖြင့်လည်း မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းမိပါကြောင်း ...။
TP

Read More...