Monday, May 12, 2008

ဆရာတော် ဦးသုမင်္ဂလ၏ မိုးကုတ်တရားပွဲ ရပ်ဆိုင်း

မိုးကုတ်မြို့တွင် ကျင်းပနေသော ဆရာတော်ဦးသုမင်္ဂလ နာဂစ်မုန်တိုင်းလေဘေးကယ်ဆယ်ရေး အထူးဓမ္မသဘင် ကို ဆရာတော်အနေဖြင့် ကိုယ်လက် ကျန်းမာရေး ပြဿနာ မရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ကျင်းပနိုင်ခြင်းမရှိပဲ ရပ်ဆိုင်းသွားခဲ့ကြောင်း ကြားသိရပါသည်။

(၁၁.၅.၂၀၀၈)နေ့ ညနေပိုင်း၌ ချမ်းသာကြီးမြတ်စွာဘုရား ဓမ္မဗိမ္မာန်တွင် တစ်ရက်သာ ကျင်းပခဲ့ရပြီးနောက် နောက်ရက်များတွင် ကြေငြာထားသည့်အတိုင်း ဆက်လက် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း သိရပါသည်။

လေဘေးဒဏ် သင့်သူများအတွက် လှူဒါန်းမည့် အလှူငွေနှင့်ပစ္စည်းများကို အခြားနေရာများတွင် ဆက်လက် အလှူခံလျှက် ရှိကြောင်းလည်း သိရပါသည်။
TP

Read More...

Sunday, May 11, 2008

ဆရာတော် ဦးသုမင်္ဂလ၏ အထူးဓမ္မသဘင် မိုးကုတ်မြို့တွင် ကျင်းပ

.....


မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် မိဂဒါဝုန်ကျောင်းတိုက်မှ ဆရာတော်ဦးသုမင်္ဂလနာဂစ်မုန်တိုင်းလေဘေးကယ်ဆယ်ရေး အထူးဓမ္မသဘင် ကို မိုးကုတ်မြို့တွင် (၁၁.၅.၂၀၀၈) မှ (၁၆.၅.၂၀၀၈) ထိ (၆)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။ ယခု ဓမ္မသဘင်၏ ထူးခြားချက်မှာ ရရှိသော အလှူငွေများအားလုံးကို ဧရာဝတီတိုင်းအတွင်းရှိ လေဘေးဒုက္ခသည်များထံသို့ ဆရာတော်ကိုယ်တိုင် သွားရောက်လှူဒါန်းမည်ဖြစ်ပါကြောင်း သိရပါသည်။

တရားပွဲအစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁၁.၅.၂၀၀၈) နေ့နှင့် (၁၂.၅.၂၀၀၈)နေ့ ညနေပိုင်းများတွင် ချမ်းသာကြီးမြတ်စွာဘုရား ဓမ္မဗိမ္မာန်တော်။
(၁၃.၅.၂၀၀၈) နေ့နှင့် (၁၄.၅.၂၀၀၈)နေ့ ညနေပိုင်းများတွင် အောင်နန်းရပ် ဦးဝဓမ္မာရုံ။
(၁၅.၅.၂၀၀၈) နေ့နှင့် (၁၆.၅.၂၀၀၈)နေ့ ညနေပိုင်းများတွင် အနောက်ပိုင်း ကျပ်ပြင်ရပ် ပန်းမလယ်ပြင်ကျောင်းတိုက်။
TP

Read More...

Wednesday, May 7, 2008

လေဘေးဒဏ်သင့်သူများအတွက် မိုးကုတ်မြို့တွင်လည်း အလှူငွေများ စတင်ကောက်ခံ

မြန်မာနိုင်ငံအတွင်း ၀င်ရောက်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကြောင့် လေဘေးဒဏ်သင့်ခံရသည့် ဧရာဝတီတိုင်းအတွင်းရှိပြည်သူများအတွက် မိုးကုတ်မြို့တွင်လည်း အလှူငွေများ စတင်ကောက်ခံနေကြောင်း သိရပါတယ်။ ဒီနေ့ နေ့လည်ပိုင်းမှ အစီအစဉ် စခဲ့ပြီး ညနေပိုင်းတွင် ကောက်ခံရရှိငွေမှာ သိန်းနှစ်ဆယ်ကျော်ပြီ ဖြစ်ကြောင်းလည်းသိရပါတယ်။

ပါဝင်လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို. ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း
ကိုကူးမား (၀၉-၆၉၇၀၁၀၇)
ကိုဘုန်းမြင့်အောင် (၀၉-၆၉၇၀၀၀၀)
ကိုမောင်မောင် (၀၉-၆၉၇၀၀၂၄)
TP

Read More...