Sunday, March 1, 2009

သတ္တမအကြိမ်မြောက် ရှမ်းတောကျောင်း ဘိုးဘွားဆရာ ပူဇော်ကန်တော့ပွဲ

ရှမ်းတော အခြေခံပညာအလယ်တန်းကျောင်း၏ သတ္တမအကြိမ်မြောက် အငြိမ်းစား ဘိုးဘွားဆရာကြီး-ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို (၁.၃.၂၀၀၉)နေ့တွင် မြို့မရပ် မြို့မခန်းမ၌ ကျင်းပခဲ့ပါသည်။ ဦးစွာ ဆရာ-ဆရာမကြီးများမှ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကန်တော့ပွဲအခမ်းအနားကို နေ့လည် (၁၁း၃၀)မှ (၁း၃၀)အထိ ကျင်းပခဲ့သည်။ အခမ်းအနားသို့ အကန်တော့ခံ ဆရာ-ဆရာမကြီး(၂၂)ယောက်အနက် (၁၇)ယောက်သာ တက်ရောက်နိုင်ခဲ့ပြီး လာရောက် ဂါရ၀ပြုကြသော ကျောင်းသားဟောင်းများမှာ (၃၀၀)ကျော်ခန့် ရှိပါသည်။


ပူဇော်ကန်တော့ခံ ဆရာ-ဆရာမကြီးများ


(၁) ဒေါ်သိန်းနွဲ့ ၉၀-နှစ်၊ ရှမ်းတောရပ်

(၂) ဒေါ်ခင်ကြည် ၈၄-နှစ်
အရှေ့ဗိုလ်ကုန်းရပ်။
(၃) ဒေါ်ရီရီဝင်း ၈၂-နှစ် ရှမ်းတောရပ်
(၄) ဦးသန်းညွှန့် ၇၈-နှစ် စည်ပင်သာယာရပ်
(၅) ဦးဝမ်းမောင် ၇၂-နှစ် စဥ့်ကူးမြို့
(၆) ဒေါ်ခင်ထား ၇၂-နှစ် အနောက်ဗိုလ်ကုန်းရပ်
(၇) ဒေါ်ခင်မြင့် ၆၉-နှစ် အောင်ချမ်းသာရပ်
(၈) ဒေါ်စိန်လှ ၆၉-နှစ် အမေရိကန်နိုင်ငံ
(၉) ဒေါ်သင်းသင်းစိုး ၆၉-နှစ် မြို့လယ်ရပ်
(၁၀) ဦးအောင်စိုး ၆၇-နှစ် ရန်ကုန်မြို့
(၁၁) ဒေါ်ခင်စိမ်းဝင်း ၆၇-နှစ်၊ အောင်နန်းရပ်
(၁၂) ဒေါ်ညွှန့်ညွှန့်ဆွေ ၆၅-နှစ် အောင်နန်းရပ်
(၁၃) ဒေါ်ခင်နှင်းရီ ၆၄-နှစ် မန္တလေးမြို့
(၁၄) ဦးပြေသိန်း ၆၃-နှစ် အောင်နန်းရပ်
(၁၅) ဒေါ်ခင်လှမြိုင် ၆၃-နှစ် အောင်နန်းရပ်
(၁၆) ဒေါ်ခင်မာလွင် ၆၃-နှစ် အောင်နန်းရပ်
(၁၇) ဒေါ်ခင်ဝင်း ၆၃-နှစ် ရွှေဘုံသာရပ်
(၁၈) ဒေါ်မြင့်မြင့်ဝင်း ၆၃-နှစ် ရှမ်းတောရပ်
(၁၉) ဒေါ်အုန်းမြင့် ၆၃-နှစ် ဗိုလ်ကုန်းရပ်
(၂၀) ဦးဝင်းမောင် ၆၁-နှစ် ညောင်ဦးမြို့
(၂၂) ဒေါ်ညိုညိုသန့် ၆၀-နှစ် ရှမ်းတောရပ်

ရှမ်းတောကျောင်း သမိုင်းအကျဉ်း
ရှမ်းတောကျောင်းကို မူလက မြို့မရပ်ကွက် ရွှေကျောင်းအနီးတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၄၆-ခုနှစ်တွင် ၄င်းနေရာမှ ရှမ်းတောဇရပ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က ကျောင်းအုပ်ကြီးမှာ ဒေါ်အောင်ဖြစ်၍ လက်ထောက် ဆရာမများမှာ ဒေါ်သိန်းနွဲ့နှင့် ဒေါ်သန်းတို့ ဖြစ်ကြပြီး ကျောင်းသူကျောင်းသား စုစုပေါင်း (၅၀)ဦး ရှိသည်။ ထိုနှစ်မှာပင် ရှမ်းတောအစိုးရ မူလတန်းကျောင်းအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ၁၉၅၇-ခုနှစ်တွင် ရှမ်းတောဇရပ်မှနေပြီး ယခုလက်ရှိ မြို့မရပ် ပတ္တမြားမြေ တင်းနစ်ကွင်းအနီးသို့ ထပ်မံ ပြောင်းရွှေ့ခဲ့ပါသည်။ ထို့နောက် ၁၉၆၈-ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ရှမ်းတော အစိုးရ မူလတန်းကျောင်းကို အလယ်တန်းကျောင်းအဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။
TP

Read More...