Monday, December 31, 2007

Hoping to New Year 2008

၂၀၀၇-ခုနှစ်အတွင်း အခြေအနေအရပ်ရပ်တို့သည် အားလုံးသိကြသည့်အတိုင်း အပြောင်းအလဲ၊ အလှုပ်အယမ်းများစွာနှင့် ရင်ဆိုင်ခဲ့ကြရသည်။

ကျနော်တို့ မြန်မာဘလော့ဂါ လောကတွင်လည်း …

- အမ်ဘီအက်စ် ..။
- ဘလော့များတွင် မြန်မာစာလုံးကို အဆင်ပြေလှပစွာ အသုံးပြုနိုင်ရန်အတွက် အခမဲ့သုံးစွဲခွင့်ပြုပေးခဲ့သော အယ်လ်ဖာမှ ဇော်ဂျီ ..
- လေ့လာအသုံးချလိုသူများအတွက် သတင်းအချက်အလက်များ၊ ဘာသာစကားများ၊ ဘလော့နည်းပညာများနှင့် အခြား ဗဟုသုတများကို တကူးတက စေတနာထားကာ ပို့စ်တင်ပေးကြသော ဘလော့များ ..။ ဘလော်ဂါများ ..။
- လူငယ်များဦးစီးကာ စည်းစည်းလုံးလုံးဖြင့် အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့ကြသော ဘလော့ဆမီနာများ ..။
အစရှိသဖြင့် အဆင့်အတန်းရှိသော လုပ်ရပ်များ လုပ်ကိုင်နိုင်ခဲ့ကြသည်။ ဂုဏ်ယူဖွယ်ရာ မှတ်တိုင်များ ဖြစ်ခဲ့ကြသည်။
အယူအဆမတူညီကြသော်လည်း အောင်မြင်စွာတွဲဖက် အလုပ်လုပ်ကိုင်နိုင်သည့် အတွေ့အကြုံများ ရရှိခဲ့ကြသည်။

ယခုလာမည့် ၂၀၀၈-ခုနှစ်တွင်လည်း ထိုထက်ပို၍ ကောင်းမွန်သော၊ များပြားသော မှတ်တိုင်များကို စိုက်ထူနိုင်မည်ဟု မျှော်လင့်မိပါသည်။

မိတ်ဆွေများအား နှစ်ကူးလက်ဆောင်အနေဖြင့်...
၂၀၀၇-ခုနှစ် အမျိုးသားစာပေဆုရ (ဘာသာပြန်-သုတ) စာအုပ်တစ်အုပ်ဖြစ်သော
ဆရာကျော်ဝင်း၏ ကမ္ဘာပြားပြီ စာအုပ်အဖုံးမှ စာသားများအား
ဂရုပြု ဆင်ခြင်နိုင်မိရန် တင်ပေးလိုက်ပါသည်။

ဂူးဂဲလ်ကဲ့သို့သော ရှာစက်များက ကမ္ဘာကြီးကို အပြားခတ်လိုက်သည်ဆိုသည်မှာ …
ချိုင့်ဝှမ်းများ၊ တောင်ကုန်းများကို ဆွဲညှိလိုက်ခြင်း ဖြစ်သည်။
ဤတွင် ချိုင့်ဝှမ်းများ၊ တောင်ကုန်း၊ တံတိုင်းနှင့် ကျောက်ဆောင်များတွင် ပုန်းအောင်းနေသူများအတွက်
ပုန်းခိုစရာနေရာမရှိ ဖြစ်လာရတော့သည်။
သို့အတွက် ...
ဘ၀တွင် ရိုးသားစွာအသက်ရှင်နေထိုင်ခြင်းသည်သာ အကောင်းဆုံး ဟု ဆိုရတော့မည် ဖြစ်ပါသည်။
အကြောင်းမူ သင်ပြုသမျှ အပြုအမူတိုင်းမှာ တစ်နေ့မဟုတ်တစ်နေ့ အသေအချာ ဖော်ထုတ်ခံရနိုင်သောကြောင့် ဖြစ်သည်။
ကမ္ဘာကြီး ပိုပြားလာသည့်နှင့်အမျှ သာမန်လူများကို အရာရာ ထိုးဖောက်မြင်နိုင်စွမ်းသော နတ်မျက်စိ တပ်ပေးလိုက်သလိုရှိလာသည်။

အရပ်ရပ် အခြေအနေအောက်တွင်..၊
အပြောင်းအလဲ လှိုင်းလုံးကြီးများကြားတွင်..၊
နှစ်မြုပ်မကျန်ရစ်ဘဲ..၊
လှိုင်းထန်လှေဆန်ခရီးကို အောင်မြင်စွာ ဆန်တက်နိုင်ရေးမှာ
ကျနော်တို့ခေတ်၏ အကြီးဆုံးစိန်ခေါ်မှုဟု
ဆိုနိုင်လိမ့်မည် ဖြစ်ပါသည်။
ဤစိန်ခေါ်မှုကြီးကို တုံ့ပြန်ရင်ဆိုင်နိုင်ရေးမှာ
လွယ်လိမ့်မည်မဟုတ်သလို
ရှောင်တိမ်း၍ ရနိုင်ဖွယ်ရာလည်း မမြင်ပါ။
မလွဲမရှောင်သာ ဖောက်ထွက်ရင်ဆိုင်ရမည်သာ ဖြစ်ပါသည်။
T.P

3 comments:

Htoo Tay Zar said...

•.¸¸.•♥ Happy New Year ♥•.¸ ¸.• Bro

NayPhoneLatt said...

ဘ၀တွင် ရိုးသားစွာအသက်ရှင်နေထိုင်ခြင်းသည်သာ အကောင်းဆုံး ဟု ဆိုရတော့မည် ဖြစ်ပါသည်။
အကြောင်းမူ သင်ပြုသမျှ အပြုအမူတိုင်းမှာ တစ်နေ့မဟုတ်တစ်နေ့ အသေအချာ ဖော်ထုတ်ခံရနိုင်သောကြောင့် ဖြစ်သည်။

မှန်လိုက်တာဗျာ ...။ ဒါပေသိ ... အင်တာနက်ကြိုးကြီးကို ပုဂံက ဆွဲဖြုတ်ထားလိုက်တဲ့ အခါ ကမ္ဘာပြားကြီးထဲမှာ မြန်မာတစ်နိုင်ငံတည်း လုံးပြီးကျန်ခဲ့တာပေါ့ဗျာ ...း-)

Khin said...

ကမ္ဘာ ကြီးဟာမပြားသေးပါဘူး
နောက်တဦး ကဝေဖန်ထားပါတယ်။
နောက်မှ ဒီဆောင်းပါးကိုဘာသာပြန် ပေးပါမယ်။
ကမ္ဘာမပြားသေးတဲ့နိုင်ငံတွေမှာ
အနောက်နိုင်ငံပုံစံနဲ့  တပုံထဲလာချလို့ မရပါ
စီးပွားရေး နိုင်ငံရေးစသည် တို့ ကိုပြောတာ။
အဘယ်ကြောင့်ဆိုသော် ငွေကြေးစံနစ် ဘဏ်လုပ်ငန်း
လူတွေရဲ့ အသိပညာအခြေခံ
မီး ရေ အဆောက်အဦး လမ်းပန်း အခြေခံ
အုပ်ချုပ်သူ စီမံကျွမ်ကျင်မှု လက်အောက်ငယ်သားလိုက်နိုင်မှု
စည်းကမ်းရှိမှု
ဒီအခြေခံအုတ်မြစ်တွေမတည်ဆောက်ဘဲ
နေရာတကာ တပုံစံထဲတွေးလို့ မရပါ။

ပဍိပက္ခတွေဖြစ်ကုန်ပါတယ်။
အနောက်နဲ့ ရှေ့  တောင်နဲ့မြောက်

ယနေ့ ကမ္ဘာဟာတနေ့ တော့ပြားမှာပါ
ဗမာတွေလည်း အားလုံးပြည့်စုံလာတဲ့ အချိန်
ရောက်လာရင်ပြားမှာပါ။။

အင်းပြားတော့လည်း
သူတို့ အနောက်နီုင်ငံလို ပျင်းစရာကောင်းလာမယ်ထင်တယ်။