ရှမ်းတော အခြေခံပညာအလယ်တန်းကျောင်း၏ သတ္တမအကြိမ်မြောက် အငြိမ်းစား ဘိုးဘွားဆရာကြီး-ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို (၁.၃.၂၀၀၉)နေ့တွင် မြို့မရပ် မြို့မခန်းမ၌ ကျင်းပခဲ့ပါသည်။ ဦးစွာ ဆရာ-ဆရာမကြီးများမှ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကန်တော့ပွဲအခမ်းအနားကို နေ့လည် (၁၁း၃၀)မှ (၁း၃၀)အထိ ကျင်းပခဲ့သည်။ အခမ်းအနားသို့ အကန်တော့ခံ ဆရာ-ဆရာမကြီး(၂၂)ယောက်အနက် (၁၇)ယောက်သာ တက်ရောက်နိုင်ခဲ့ပြီး လာရောက် ဂါရ၀ပြုကြသော ကျောင်းသားဟောင်းများမှာ (၃၀၀)ကျော်ခန့် ရှိပါသည်။
ပူဇော်ကန်တော့ခံ ဆရာ-ဆရာမကြီးများ
(၁) ဒေါ်သိန်းနွဲ့ ၉၀-နှစ်၊ ရှမ်းတောရပ်။
(၂) ဒေါ်ခင်ကြည် ၈၄-နှစ်၊ အရှေ့ဗိုလ်ကုန်းရပ်။
(၃) ဒေါ်ရီရီဝင်း ၈၂-နှစ်၊ ရှမ်းတောရပ်။
(၄) ဦးသန်းညွှန့် ၇၈-နှစ်၊ စည်ပင်သာယာရပ်။
(၅) ဦးဝမ်းမောင် ၇၂-နှစ်၊ စဥ့်ကူးမြို့။
(၆) ဒေါ်ခင်ထား ၇၂-နှစ်၊ အနောက်ဗိုလ်ကုန်းရပ်။
(၇) ဒေါ်ခင်မြင့် ၆၉-နှစ်၊ အောင်ချမ်းသာရပ်။
(၈) ဒေါ်စိန်လှ ၆၉-နှစ်၊ အမေရိကန်နိုင်ငံ။
(၉) ဒေါ်သင်းသင်းစိုး ၆၉-နှစ်၊ မြို့လယ်ရပ်။
(၁၀) ဦးအောင်စိုး ၆၇-နှစ်၊ ရန်ကုန်မြို့။
(၁၁) ဒေါ်ခင်စိမ်းဝင်း ၆၇-နှစ်၊ အောင်နန်းရပ်။
(၁၂) ဒေါ်ညွှန့်ညွှန့်ဆွေ ၆၅-နှစ်၊ အောင်နန်းရပ်။
(၁၃) ဒေါ်ခင်နှင်းရီ ၆၄-နှစ်၊ မန္တလေးမြို့။
(၁၄) ဦးပြေသိန်း ၆၃-နှစ်၊ အောင်နန်းရပ်။
(၁၅) ဒေါ်ခင်လှမြိုင် ၆၃-နှစ်၊ အောင်နန်းရပ်။
(၁၆) ဒေါ်ခင်မာလွင် ၆၃-နှစ်၊ အောင်နန်းရပ်။
(၁၇) ဒေါ်ခင်ဝင်း ၆၃-နှစ်၊ ရွှေဘုံသာရပ်။
(၁၈) ဒေါ်မြင့်မြင့်ဝင်း ၆၃-နှစ်၊ ရှမ်းတောရပ်။
(၁၉) ဒေါ်အုန်းမြင့် ၆၃-နှစ်၊ ဗိုလ်ကုန်းရပ်။
(၂၀) ဦးဝင်းမောင် ၆၁-နှစ်၊ ညောင်ဦးမြို့။
(၂၂) ဒေါ်ညိုညိုသန့် ၆၀-နှစ်၊ ရှမ်းတောရပ်။
ရှမ်းတောကျောင်း သမိုင်းအကျဉ်း
ရှမ်းတောကျောင်းကို မူလက မြို့မရပ်ကွက် ရွှေကျောင်းအနီးတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၄၆-ခုနှစ်တွင် ၄င်းနေရာမှ ရှမ်းတောဇရပ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က ကျောင်းအုပ်ကြီးမှာ ဒေါ်အောင်ဖြစ်၍ လက်ထောက် ဆရာမများမှာ ဒေါ်သိန်းနွဲ့နှင့် ဒေါ်သန်းတို့ ဖြစ်ကြပြီး ကျောင်းသူကျောင်းသား စုစုပေါင်း (၅၀)ဦး ရှိသည်။ ထိုနှစ်မှာပင် ရှမ်းတောအစိုးရ မူလတန်းကျောင်းအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ၁၉၅၇-ခုနှစ်တွင် ရှမ်းတောဇရပ်မှနေပြီး ယခုလက်ရှိ မြို့မရပ် ပတ္တမြားမြေ တင်းနစ်ကွင်းအနီးသို့ ထပ်မံ ပြောင်းရွှေ့ခဲ့ပါသည်။ ထို့နောက် ၁၉၆၈-ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ရှမ်းတော အစိုးရ မူလတန်းကျောင်းကို အလယ်တန်းကျောင်းအဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။
TP
TP
4 comments:
ဒီပို့စ်လေးတင်ပေးတာကိုအရမ်းကျေးဇူးတင်တယ်။ ကျွန်မလည်းရှမ်းတောကျောင်းကလေ။ ဆရာ၊ဆရာမတွေကိုမြင်ရတာ မိုးကုတ်ကိုလည်းလွမ်း၊ကျောင်းနေတုန်းကအချိန်တွေကိုလည်း လွမ်းမိတယ်။ တကယ်ကျေးဇူးတင်တယ်-မိုးကုတ်မီဒီယာကို။
ShanTaw school became a SMS(1st grade -7th grade) in June,1969. The acting principal was Daw Krishna. There were a lack of teachers. U Tin Oo(ShanTaw),U Win Htay(ZawHaung) U Aung Mya(MyoMa)and Daw Myat Myat Oo(AungNan) volunteered as teachers. We should honor their commitment. Later that year, U Ba Yi was the first principal of ShanTaw SMS. He was a great teacher.(A few years later he became the principal of a SHS and made a mistake which cost him his job.) In June 1971, it expanded to 8th grade.
To mogokmedia:
Thank you for posting this article but I can't read the comment. What font is it?
အလွန် လွမ်းစရာ ကောင်းသော ရှမ်းတောကျောင်း နဲ့ ရှမ်းတောကျောင်း က ဆရာ ဆရာမ များ၏ နာမည် ကိုဖတ် လိုက် ရတဲ့ အခါ ၊ အခုဘဲ မိုးကုတ် ကိုသွားချင်းစိတ် ပေါက်လာတယ်။။ thank you so much Mogok Media
I miss my school too. Shan Taw school is the best memorable school in my life. whenever i think about school i want to be young again and be naught like when i was young. no tension and no worries , only know how to play... I miss Shan Taw school and all my beloved teachers and my friends. I don't know where is all my friends. i don't have any contact with them. when i move to ygn i couldn't say to goodbye. i feel so sad for that. anyway i will always love Shan Taw school, teachers and friends of shan taw school.
Post a Comment