Sunday, May 11, 2008

ဆရာတော် ဦးသုမင်္ဂလ၏ အထူးဓမ္မသဘင် မိုးကုတ်မြို့တွင် ကျင်းပ

.....


မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် မိဂဒါဝုန်ကျောင်းတိုက်မှ ဆရာတော်ဦးသုမင်္ဂလနာဂစ်မုန်တိုင်းလေဘေးကယ်ဆယ်ရေး အထူးဓမ္မသဘင် ကို မိုးကုတ်မြို့တွင် (၁၁.၅.၂၀၀၈) မှ (၁၆.၅.၂၀၀၈) ထိ (၆)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။ ယခု ဓမ္မသဘင်၏ ထူးခြားချက်မှာ ရရှိသော အလှူငွေများအားလုံးကို ဧရာဝတီတိုင်းအတွင်းရှိ လေဘေးဒုက္ခသည်များထံသို့ ဆရာတော်ကိုယ်တိုင် သွားရောက်လှူဒါန်းမည်ဖြစ်ပါကြောင်း သိရပါသည်။

တရားပွဲအစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁၁.၅.၂၀၀၈) နေ့နှင့် (၁၂.၅.၂၀၀၈)နေ့ ညနေပိုင်းများတွင် ချမ်းသာကြီးမြတ်စွာဘုရား ဓမ္မဗိမ္မာန်တော်။
(၁၃.၅.၂၀၀၈) နေ့နှင့် (၁၄.၅.၂၀၀၈)နေ့ ညနေပိုင်းများတွင် အောင်နန်းရပ် ဦးဝဓမ္မာရုံ။
(၁၅.၅.၂၀၀၈) နေ့နှင့် (၁၆.၅.၂၀၀၈)နေ့ ညနေပိုင်းများတွင် အနောက်ပိုင်း ကျပ်ပြင်ရပ် ပန်းမလယ်ပြင်ကျောင်းတိုက်။
TP

No comments: