လွန်ခဲ့သောနှစ်များနည်းတူ ယခုနှစ်တွင်လည်း ရေနီမြောင်းရေလျှံမှုကြောင့် လူနေရပ်ကွက်များအတွင်း ရေလွှမ်းမိုးမှုများ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ပါသည်။ ယနေ့နံနက် (၁)နာရီခန့်အချိန်မှစပြီး မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် နံနက် (၅)နာရီလောက်တွင် ရေနီချောင်းတစ်လျှောက်ရှိ တာရိုးများ ကျိုးပေါက်ကာ လူနေရပ်ကွက်များ၊ လမ်းမကြီးများပေါ်သို. ရေနီများအရှိန်အဟုန်နှင့် ၀င်ရောက်ခဲ့ပါသည်။ ရေနီချောင်းတစ်လျှောက်ရှိ နေအိမ်များမှာ ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးရွားစွာခံကြရပြီး တောင်ကမ်းပါးယံ အနီးဝန်းကျင်ရှိ နေအိမ်များမှာလည်း မိုးသည်းထန်မှုကြောင့် ကမ်းပါးများပြိုကျကာ နေရာများစွာတွင် အတော်အတန် ထိခိုက်ပျက်စီးခဲ့ရသည်။ ထိခိုက်ပျက်စီးမှု အများဆုံး နေရာများမှာ အုန်းကိုင်းရွာသစ်၊ ပန်းခြံထာပွဲဝန်းကျင်နှင့် မိုးကုတ်မိုတယ် နေရာများ ဖြစ်ကြပြီး စုစုပေါင်း လူ(၁၁)ဦး အသေအပျောက်ရှိခဲ့ပါသည်။ တောင်ပြို၍ု နေအိမ်များပျက်စီးခြင်းကြောင့် အုန်းကိုင်းရွာသစ်တွင် အမျိုးသမီး (၁)ဦး၊ ပိတ်စွယ်ရပ်ကွက်အတွင်းတွင် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၁)ဦး၊ ကလေး (၃)ဦးတို.မြေပိသေဆုံးခဲ့ရပြီး ပန်းခြံထာပွဲတွင် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦး တို. ရေနစ်သေဆုံးခဲ့ပါသည်။ TP
မိုးကုတ်မြို.တွင် ကျောက်မျက်အရောင်းအ၀ယ်လုပ်ငန်းများကို အဓိက လုပ်ကိုင်သည့်နေရာ တစ်ခုဖြစ်သော ပန်းခြံထာပွဲမှာလည်း ရွှံ.နွှံများ၊ ကနယ်မုံများ၊ အမှိုက်များ ထူထပ်စွာပြည့်လျှံပိတ်ဆို့လျက်ရှိရာ ကျောက်ကုန်သည်များအဖို. လုပ်ငန်းလုပ်ကိုင်ရန် နေရာအခက်အခဲ အချိန်အတန်ကြာ ဖြစ်နိုင်ပါသည်။
Thursday, June 12, 2008
ပထမအကြိမ် ရေလွှမ်းမိုးခြင်း (၂၀၀၈-ခုနှစ်)
Posted by
မိုးကုတ်မီဒီယာ
at
3:12 PM
4
comments
Labels: News
Monday, May 12, 2008
ဆရာတော် ဦးသုမင်္ဂလ၏ မိုးကုတ်တရားပွဲ ရပ်ဆိုင်း
မိုးကုတ်မြို့တွင် ကျင်းပနေသော ဆရာတော်ဦးသုမင်္ဂလ ၏ နာဂစ်မုန်တိုင်းလေဘေးကယ်ဆယ်ရေး အထူးဓမ္မသဘင် ကို ဆရာတော်အနေဖြင့် ကိုယ်လက် ကျန်းမာရေး ပြဿနာ မရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ကျင်းပနိုင်ခြင်းမရှိပဲ ရပ်ဆိုင်းသွားခဲ့ကြောင်း ကြားသိရပါသည်။
(၁၁.၅.၂၀၀၈)နေ့ ညနေပိုင်း၌ ချမ်းသာကြီးမြတ်စွာဘုရား ဓမ္မဗိမ္မာန်တွင် တစ်ရက်သာ ကျင်းပခဲ့ရပြီးနောက် နောက်ရက်များတွင် ကြေငြာထားသည့်အတိုင်း ဆက်လက် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း သိရပါသည်။
လေဘေးဒဏ် သင့်သူများအတွက် လှူဒါန်းမည့် အလှူငွေနှင့်ပစ္စည်းများကို အခြားနေရာများတွင် ဆက်လက် အလှူခံလျှက် ရှိကြောင်းလည်း သိရပါသည်။
TP
(၁၁.၅.၂၀၀၈)နေ့ ညနေပိုင်း၌ ချမ်းသာကြီးမြတ်စွာဘုရား ဓမ္မဗိမ္မာန်တွင် တစ်ရက်သာ ကျင်းပခဲ့ရပြီးနောက် နောက်ရက်များတွင် ကြေငြာထားသည့်အတိုင်း ဆက်လက် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း သိရပါသည်။
လေဘေးဒဏ် သင့်သူများအတွက် လှူဒါန်းမည့် အလှူငွေနှင့်ပစ္စည်းများကို အခြားနေရာများတွင် ဆက်လက် အလှူခံလျှက် ရှိကြောင်းလည်း သိရပါသည်။
TP
Posted by
မိုးကုတ်မီဒီယာ
at
7:10 PM
0
comments
Labels: News
Sunday, May 11, 2008
ဆရာတော် ဦးသုမင်္ဂလ၏ အထူးဓမ္မသဘင် မိုးကုတ်မြို့တွင် ကျင်းပ
.....
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် မိဂဒါဝုန်ကျောင်းတိုက်မှ ဆရာတော်ဦးသုမင်္ဂလ ၏ နာဂစ်မုန်တိုင်းလေဘေးကယ်ဆယ်ရေး အထူးဓမ္မသဘင် ကို မိုးကုတ်မြို့တွင် (၁၁.၅.၂၀၀၈) မှ (၁၆.၅.၂၀၀၈) ထိ (၆)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။ ယခု ဓမ္မသဘင်၏ ထူးခြားချက်မှာ ရရှိသော အလှူငွေများအားလုံးကို ဧရာဝတီတိုင်းအတွင်းရှိ လေဘေးဒုက္ခသည်များထံသို့ ဆရာတော်ကိုယ်တိုင် သွားရောက်လှူဒါန်းမည်ဖြစ်ပါကြောင်း သိရပါသည်။
တရားပွဲအစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁၁.၅.၂၀၀၈) နေ့နှင့် (၁၂.၅.၂၀၀၈)နေ့ ညနေပိုင်းများတွင် ချမ်းသာကြီးမြတ်စွာဘုရား ဓမ္မဗိမ္မာန်တော်။
(၁၃.၅.၂၀၀၈) နေ့နှင့် (၁၄.၅.၂၀၀၈)နေ့ ညနေပိုင်းများတွင် အောင်နန်းရပ် ဦးဝဓမ္မာရုံ။
(၁၅.၅.၂၀၀၈) နေ့နှင့် (၁၆.၅.၂၀၀၈)နေ့ ညနေပိုင်းများတွင် အနောက်ပိုင်း ကျပ်ပြင်ရပ် ပန်းမလယ်ပြင်ကျောင်းတိုက်။
TP
တရားပွဲအစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁၁.၅.၂၀၀၈) နေ့နှင့် (၁၂.၅.၂၀၀၈)နေ့ ညနေပိုင်းများတွင် ချမ်းသာကြီးမြတ်စွာဘုရား ဓမ္မဗိမ္မာန်တော်။
(၁၃.၅.၂၀၀၈) နေ့နှင့် (၁၄.၅.၂၀၀၈)နေ့ ညနေပိုင်းများတွင် အောင်နန်းရပ် ဦးဝဓမ္မာရုံ။
(၁၅.၅.၂၀၀၈) နေ့နှင့် (၁၆.၅.၂၀၀၈)နေ့ ညနေပိုင်းများတွင် အနောက်ပိုင်း ကျပ်ပြင်ရပ် ပန်းမလယ်ပြင်ကျောင်းတိုက်။
TP
Posted by
မိုးကုတ်မီဒီယာ
at
5:17 PM
0
comments
Labels: News
Wednesday, May 7, 2008
လေဘေးဒဏ်သင့်သူများအတွက် မိုးကုတ်မြို့တွင်လည်း အလှူငွေများ စတင်ကောက်ခံ
မြန်မာနိုင်ငံအတွင်း ၀င်ရောက်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကြောင့် လေဘေးဒဏ်သင့်ခံရသည့် ဧရာဝတီတိုင်းအတွင်းရှိပြည်သူများအတွက် မိုးကုတ်မြို့တွင်လည်း အလှူငွေများ စတင်ကောက်ခံနေကြောင်း သိရပါတယ်။ ဒီနေ့ နေ့လည်ပိုင်းမှ အစီအစဉ် စခဲ့ပြီး ညနေပိုင်းတွင် ကောက်ခံရရှိငွေမှာ သိန်းနှစ်ဆယ်ကျော်ပြီ ဖြစ်ကြောင်းလည်းသိရပါတယ်။
ပါဝင်လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို. ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း
ကိုကူးမား (၀၉-၆၉၇၀၁၀၇)
ကိုဘုန်းမြင့်အောင် (၀၉-၆၉၇၀၀၀၀)
ကိုမောင်မောင် (၀၉-၆၉၇၀၀၂၄)
TP
TP
Posted by
မိုးကုတ်မီဒီယာ
at
9:35 PM
0
comments
Labels: News
Thursday, April 17, 2008
နှစ်သစ်မင်္ဂလာ
မြန်မာသက္ကရာဇ် ၁၃၆၉-ခုနှစ် ကုန်ဆုံးကာ ၁၃၇၀-ခုနှစ်သို့ ချင်းနင်းဝင်ရောက်ခဲ့ပြီဖြစ်ပါသည်။ မိုးကုတ်မီဒီယာမှ နှစ်သစ်တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်ကြပါစေရန် ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
မင်္ဂလာဟု ဆိုရာတွင်လည်း အပေါ်ယံစကားလုံးထက် အတွင်းအနှစ်သာရအားဖြင့်ပါ မင်္ဂလာရှိစေချင်ပါသည်။ မင်္ဂလာ၏ အဓိပ္ပါယ်ကို ဗုဒ္ဓဟောကြားခဲ့သော မင်္ဂလသုတ်တော်တွင် အကျယ်တ၀င့် လေ့လာနိုင်ပါသည်။ အတိုချုပ်အားဖြင့် ကုသိုလ်ဖြစ်စေသော အကြောင်းတရားများဟု မှတ်ယူနိုင်ပါသည်။
အကုသိုလ်ဖြစ်စေသော အကြောင်းတရားများ လျော့ပါးပြီး ကုသိုလ်ဖြစ်စေသော အကြောင်းတရားများ ပိုမို ဖြစ်ထွန်းမှသာလျှင် မင်္ဂလာရှိသော နှစ်သစ် မည်ပေမည်။
ထိုကြောင့် ကျွန်ုပ်တို့ လူမှုအဖွဲ့အစည်းအားလုံး ယခုမှအစပြု၍ ကုသိုလ် လုပ်ရပ်များဖြင့် မင်္ဂလာရှိသော နှစ်သစ်ကို ဖြတ်ကျော်ကြပါစို့ ဟု တိုက်တွန်းနှိုးဆော်ရင်း မင်္ဂလာနှစ်သစ်ကို ကြိုဆိုလိုက်ရပါကြောင်း…။
Posted by
မိုးကုတ်မီဒီယာ
at
2:39 PM
0
comments
Labels: Greeting
Monday, April 7, 2008
သတင်းစာဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်
ဝါရင့် သတင်းစာဆရာမကြီး လူထုဒေါ်အမာ သည် ယနေ့ မနက် (၈)နာရီ (၃၇)မိနစ်အချိန်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ကြောင်း ကြားသိရပါသည်။
ဆရာမကြီးလူထုဒေါ်အမာသည် ကိုလိုနီခေတ်မှ ယနေ့ခေတ်တိုင် လူထုအပေါ် စာပေဖြင့် အကျိုးပြုခဲ့သော၊ တိုင်းပြည်အပေါ် တာဝန်ကျေခဲ့သော၊ သမိုင်းလှစွာဖြင့် ဇာတ်သိမ်းသွားခဲ့သောသူ ဖြစ်ပါသည်။ ကွယ်လွန်ချိန်တွင် အသက် (၉၃)နှစ် ရှိပြီဖြစ်သည်။
ဆရာမကြီး လူထုဒေါ်အမာ ယခုလို ဆုံးရှုံးသွားရခြင်းအတွက် မိုးကုတ်မီဒီယာ အနေဖြင့်လည်း မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းမိပါကြောင်း ...။
TP
Posted by
မိုးကုတ်မီဒီယာ
at
7:15 PM
0
comments
Labels: Social
Thursday, March 13, 2008
စိမ်းလဲ့ကန်သာလမ်း လူသတ်မှု မိုးကုတ်လူထု အထူးစိတ်ဝင်စား
၂၀၀၈-ခု မတ်လ (၃)ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် (၉)ရပ်ကွက်ရှိ စိမ်းလဲ့ကန်သာလမ်း၊ ခြံအမှတ် (၁၂၆)တွင် ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင်လူသတ်မှု မှာ ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ သိရှိဖော်ထုတ်နိုင်ဖို့အတွက် မိုးကုတ်သူ မိုးကုတ်သားတွေက အထူးပဲ စိတ်ဝင်စားနေကြပါတယ်။
အခင်းဖြစ်ပွားရာမှာ သေဆုံးခဲ့ကြတဲ့ သူတွေဟာ မိုးကုတ်အဆက်အနွယ်တွေ ဖြစ်ကြပြီး မိုးကုတ်ကျောက်တွင်းလုပ်ငန်းတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ကျိကျိတက် ကြွယ်ဝချမ်းသာကြတဲ့ ရှေးသူဌေးကြီးတွေ ဖြစ်ကြပါတယ်။ သေဆုံးကြတဲ့သူတွေကတော့ ဦးချာလီ (ခေါ်) စ၀်ကြည်ဖ (၆၀-နှစ်)၊ ၄င်းရဲ့ဇနီး ဒေါ်စန်းစန်းမြ (၅၈)နှစ်၊ ၄င်းတို့ရဲ့ မွေးစားသမီးတွေ ဖြစ်ကြတဲ့ မမြစန္ဒာ (၃၆)နှစ်၊ မနှင်းပွင့်အေး (၂၇)နှစ် နဲ့ အိမ်ဖော်အဖြစ် လုပ်ကိုင်နေသူ မအယ်ဖော (၁၅)နှစ် တို့ ဖြစ်ကြပါတယ်။
ဦးစ၀်ကြည်ဖဟာ တောင်ပိုင်စော်ဘွားကြီး ခွန်ပန်းစိန် ရဲ့သားဖြစ်ပြီး ဇနီးသည် ဒေါ်စန်းစန်းမြကတော့ မိုးကုတ်သူဌေးကြီး ဦးမြမောင် ရဲ့သမီးဖြစ်ပါတယ်။ ၄င်းတို့ဇနီးမောင်နှံဟာ သားသမီး မထွန်းကားတဲ့အတွက်ကြောင့် ခင်ပွန်းဘက်က အမျိုးတော်စပ်တဲ့ မမြစန္ဒာနဲ့ မနှင်းပွင့်အေးတို့ကို ခေါ်ယူမွေးစားခဲ့ကြတာ ဖြစ်ပါတယ်။
သေဆုံးသူ ဒေါ်စန်းစန်းမြရဲ့ အဖွားဟာ တစ်ချိန်က မိုးကုတ်မြို့နယ် ကိုးလံရွာ အနီးမှာရှိတဲ့ လူးတွင်းကနေ ကျောက်တွေ အမြောက်အမြားရရှိပြီး အကြီးအကျယ် ကြွယ်ဝချမ်းသာလာခဲ့သူ ဖြစ်ပါတယ်။ အဖွားဖြစ်သူ ဒေါ်သန်း ဟာ မိုးကုတ်မှာ ကျောက်တွင်းတွေ အမြောက်အမြား ပိုင်ဆိုင်ခဲ့ပါတယ်။ ယခု ရွှေဘုံသာအင်းနေရာဟာ အစိုးရကျောက်မျက်ကော်ပိုရေးရှင်းအဖြစ် ပြည်သူပိုင်မသိမ်းခင်က ဒေါ်သန်းပိုင်တဲ့ တွင်းနေရာဖြစ်ပါတယ်။ ဒါတင်မကပဲ တခြားမြို့တွေမှာပါ စီးပွားရေးလုပ်ငန်းကြီးတွေလည်း ရှိခဲ့ပါတယ်။ အခု မန္တလေးမြို့ရဲ့ ၂၂x၂၃ လမ်း၊ ၈၄ လမ်းမှာရှိတဲ့ ဒါးတန်း ဘိလပ်ရည် အချိုရည် စက်ရုံကြီးဟာလည်း ပြည်သူပိုင် မသိမ်းခင်က ဒေါ်သန်း ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်သန်းရဲ့ သားဖြစ်သူ ဦးမြမောင်ဟာ တချိန်က အသုံးအဖြုန်း ပက်စက်တဲ့နေရာမှာ အလွန်မှ နာမည်ကြီးသူ ဖြစ်ပါတယ်။ ဒါကို အမေဖြစ်သူ ဒေါ်သန်းက အလွန်မှ ကျေနပ်နေပါသတဲ့။ ဘာလို့လည်းဆိုတော့ သူ့သား ဦးမြမောင်က စိတ်ရှိလက်ရှိ ပိုက်ဆံဖြုန်းပေးတဲ့ နေ့ဆိုရင် သူတို့ပိုင်တဲ့ ကျောက်တွင်းတွေဟာ ကျောက်တွေ အများကြီး ကျလေ့ရှိသတဲ့။ သူ့သား ပိုက်ဆံမသုံးတဲ့ နေ့တွေ၊ စိတ်မပျော်တဲ့ နေ့တွေဆိုရင်တော့ တွင်းက ကျောက်နည်းနည်းလေးတောင် မထွက်ဖူးတဲ့။ ဒါကြောင့် သူ့သားကို ပိုက်ဆံ စိတ်ရှိလက်ရှိ သုံးဖို့ အမြဲ တိုက်တွန်းနေသတဲ့။
ပြီးတော့ ဦးမြမောင်ကို ... ငါ့သား… အမေတို့ စည်းစိမ်တွေကို ကြိုက်သလောက်သာသုံး။ ဒီတိုင်းပြည်မှာ အမေ မနိုင်တာဆိုလို့ သေမင်းနဲ့ နေ၀င်း နှစ်ခုပဲ ရှိတယ်.. လို့ ပြောရှာသတဲ့။
သူဌေးကြီး ဦးမြမောင်ဟာ စာရေးဆရာကြီး သော်တာဆွေ နဲ့လည်း အင်မတန်မှ ရင်းနှီးပါသတဲ့။ သူနဲ့ပတ်သက်ပြီး စာရေးဆရာကြီး သော်တာဆွေ က ငွေကို လေလိုသုံးတဲ့သူ ဆိုပြီးတော့တောင် သူ့ရဲ့ စာအုပ်ထဲမှာ ရေးဖွဲ့မှတ်တမ်းတင်ခဲ့ပါသေးတယ်။ သူများတွေလို ငွေကို ရေလိုသုံးရင် ခွက်နဲ့ ခပ်နေရလို့ လက်ညောင်းနေဦးမယ်။ ဒီ ဦးမြမောင်ကတော့ ခွက်နဲ့ခပ်နေစရာ မလိုပဲ လေလို သုံးစွဲပစ်နိုင်လောက်အောင် ကြွယ်ဝချမ်းသာတာကို ဆိုလိုတာ ဖြစ်ပါတယ်။
အခင်းဖြစ်ရပ်မှာ သေဆုံးခဲ့ကြသူ အားလုံးဟာ ဦးခေါင်းမှာ သေနတ်ဒဏ်ရာကိုယ်စီ ရရှိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ ကြေးစားလူသတ်သမားတွေကို ငှားရမ်းအသုံးပြုပြီး လုပ်ကြံတာ ဖြစ်နိုင်ဖွယ်ရှိပြီး၊ ဒါမှမဟုတ် ယခင်က လုပ်ငန်းအတွေ့အကြုံ ရှိခဲ့ဖူးသူတွေ ပါဝင်ဖွယ်ရှိတယ်လို့လည်း မိုးကုတ်ကလူတွေက ထင်ကြေးပေးနေကြပါတယ်။ နေအိမ်အတွင်းမှာ ပြစ်မှုကျူးလွန်သူတွေ အသုံးပြုခဲ့တဲ့ ၉မမ ကျည်ခွံ ၇ခုနဲ့ ကျည်အကောင်း တစ်ခုတို့ကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူ မိသားစုဝင်ထဲမှာ ကျန်ရစ်သူ ဦးသုဇော် (၂၇)နှစ်ဟာ ၄င်းတို့ မိသားစုပိုင် စားသောက်ဆိုင်မှ ည(၇)နာရီအချိန်၊ အိမ်သို့ ပြန်ရောက်လာတဲ့အခါ နေအိမ် အိပ်ခန်းထဲမှာ သွေးအိုင်အတွင်း မိသားစုဝင် ငါးဦးစလုံး သေဆုံးနေတာကို တွေ့ရတဲ့အတွက် ရဲစခန်းသို့ အကြောင်းကြားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဦးသုဇော်ဟာ မမြစန္ဒာရဲ့ ခင်ပွန်းဖြစ်ပြီး လွန်ခဲ့သောနှစ်အတွင်းကမှ လက်ထပ်ထားသူ ဖြစ်ပါတယ်။
ယခု အခင်းမဖြစ်ပွားမှီ လွန်ခဲ့သော ဖေဖော်ဝါရီလကလည်း ၄င်းတို့မိသားစုပိုင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက် ဗောဓိရိပ်သာလမ်းရှိ အမှတ် (၁၅/၁၇) ခြံဝင်းကို ကျပ်သိန်းပေါင်း တစ်သောင်းလေးထောင်ဖြင့် ရောင်းချထားခဲ့ကြောင်းလည်း သိရပါတယ်။
S.T.A
Posted by
မိုးကုတ်မီဒီယာ
at
10:43 AM
2
comments
Labels: Crime
Subscribe to:
Posts (Atom)