ထို့နောက် သဟာယစာကြည့်တိုက် ဥက္ကဌ ဦးမြင့်ဆွေက သဟာယစာကြည့်တိုက်၏ သမိုင်းကြောင်းကို ဖတ်ကြားပါသည်။ ဆက်လက်ပြီး တတိယအကြိမ်မြောက် သဟာယစာပေဆု ရွေးချယ်ရေးအဖွဲ့၏ သုံးသပ်ချက်ကို ဖတ်ကြားရာတွင် စာရေးဆရာ မောင်လွင်မွန်(ကသာ) (ပန်းအလင်္ကာမဂ္ဂဇင်း အယ်ဒီတာ၊ ရီနေနိုင် အမည်ဖြင့် စာပေဝေဖန်ရေးဆောင်းပါးများလည်း ရေးသားလျှက်ရှိ) က အတွေးအမြင်စာစောင်၏ သမိုင်းကြောင်းနှင့် ဆုရွေးချယ်ရေးအဖွဲ့၏သုံးသပ်ချက် ကိုလည်းကောင်း၊ ဦးထွန်းဝင်းငြိမ်း (Beauty မဂ္ဂဇင်းအယ်ဒီတာ) က စာရေးဆရာမ ဂျူး ၏ သူ.. မင်းကိုဘယ်တော့မှ လုံးချင်းဝတ္ထုအပေါ် ဆုရွေးချယ်ရေးအဖွဲ့၏သုံးသပ်ချက် ကိုလည်းကောင်း ဖတ်ကြားပါသည်။ ဆက်လက်၍ တတိယအကြိမ်မြောက် သဟာယစာပေဆုကို ချီးမြှင့်ရာ မဟေသီမဂ္ဂဇင်းအယ်ဒီတာချုပ် ဦးဝင်းသူရက အတွေးအမြင်စာစောင် အယ်ဒီတာအဖွဲ့ကိုယ်စား ဆရာမ သီရိဝံသ ကိုလည်းကောင်း၊ ရွှေအမြုတေမဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက စာရေးဆရာမ ဂျူး အားလည်းကောင်း အသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။
S.T.A


